မန္တလေးမြို့တွင်ဖရဲ၊သခွား၊ သ‌င်္ဘောသီးဈေးကွက်

Powered by Drupal

            မန္တလေးဈေးကွက်အတွင်းသို့ ကျောက်ဆည်၊စဉ့်ကိုင်၊ တံတားဦး၊ မြစ်သား၊ ကူမဲနှင့် ပုသိမ်ကြီး မတ္တရာဒေသများမှဖရဲ သခွားနှင့် သ‌င်္ဘာသီးမှည့်များ ဝင်ရောက်လျက်ရှိပါသည်။ သ‌င်္ဘောသီးကို ထိုင်ဝမ်နှင့်ဗမာသ‌င်္ဘောသီးဟူ၍ နှစ်မျိုးဝင်ရောက်ပြီး သခွားမွှေးကိုပိုက်ကွက် နှင့် ရွှေသခွားဟူ၍ နှစ်မျိုးရှိပြီး စားသုံးသူများအနေနှင့် ရွှေသခွားမွှေး အဝိုင်းလုံးကြီးကို ပို၍နှစ် သက်ကြပါသည်။မန္တလေးမြို့အတွင်း သစ်သီးဝလံဈေးနှုန်းဈေးကွက်အနေဖြင့် ရွှေသခွားအဝိုင်းလုံး ကြီး တစ်လုံးလျှင် ၄၀၀၀ကျပ် မှ ၅၀၀၀ ကျပ် ၊ လုံးရှည် တစ်လုံးလျှင် ၃၀၀၀ ကျပ် မှ ၄၀၀၀ ကျပ်၊ ဝိုင်းသေး တစ်လုံးလျှင် ၂၀၀၀ ကျပ် မှ ၂၅၀၀ ကျပ် ၊ ပိုက်ကွက်လုံးကြီးတစ်လုံးလျှင် ၁၅၀၀ ကျပ် မှ ၂၀၀၀ ကျပ်၊ ဖရဲသီးအနေနှင့် လုံးကြီးတစ်လုံးလျှင် ၅၅၀၀ ကျပ် မှ ၆၅၀၀ ကျပ် ၊ လုံးလတ် တစ်လုံး လျှင် ၃၀၀၀ ကျပ် မှ ၃၅၀၀ ကျပ် ၊ လုံးသေးတစ်လုံးလျှင် ၁၅၀၀ ကျပ် မှ ၂၀၀၀ ကျပ် ၊ သ‌င်္ဘောသီး ထိုင်ဝမ်လုံးကြီး တစ်လုံးလျှင် ၅၀၀၀ ကျပ် ၊ လုံးလတ်တစ်လုံးလျှင် ၃၀၀၀ ကျပ် အလုံးသေးတစ်လုံး လျှင် ၂၅၀၀ ကျပ် ၊ ဗမာလုံးကြီးတစ်လုံးလျှင် ၂၅၀၀ ကျပ် ၊ လုံးလတ်-၂၀၀၀ ကျပ် ၊ လုံးသေး- ၁၅၀၀ ကျပ် မှ၁၀၀၀ ကျပ်များနှင့် ဈေးကွက်တွင်အရောင်းအဝယ်ပြုလုပ်နေ ကြောင်းလေ့လာ သိရှိရပါသည်။

DOCA(မန္တလေး)