အရောင်းသွက်သည့်ကြက်ဥစျေးနှုန်းစျေးကွက်

Powered by Drupal

             မတ်လတတိယပတ်အတွင်း  ကြက်ဥစျေးမှာ  မတ်လဒုတိယပတ်ပေါက်စျေးနှင့် နှိုင်းယှဉ်ပါက  ကြက်ဥ၊ ဘဲဥနှင့် ငုံးဥဈေးမှာဈေးငြိမ်နေကြောင်း  သိရပါသည်။ မန္တလေးစျေးကွက်အတွင်း  ပြင်ဦးလွင်မြို့နယ်၊   ပြင်စာကျေးရွာမွေးမြူရေးခြံထွက်ကြက်ဥများဝင် ရောက်မှုအများဆုံးဖြစ်ပြီး၊ ကျောက်ဆည်၊ မြစ်သား၊ မြို့သာမြို့နယ်ရှိ ခြံများမှလည်းဝင်ရောက်ကြောင်း သိရပါသည်။ ဘဲဥမှာ အမရပူ၊ ပုသိမ်ကြီး၊မတ္တရာမြို့နယ်ရှိခြံများမှ ဝင်ရောက်မှုများပြီး၊ကျန် ဒေသ များမှလည်း  ဝင်ရောက် ကြောင်း သိရပါတယ်။ ငုံးဥမှာ မန္တလေး၊ စဉ့်ကိုင်၊ကျောက်ဆည်ဒေသရှိ မွေးမြူရေးခြံတို့မှဝင်ရောက်ကြောင်း သိရပါသည်။ ၂၀၂၅ခုနှစ်မတ်လတတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သောလက္ကားစျေးမှာကြက်ဥ (၃၀လုံး ပါ ၁၀ ကဒ်) တစ်ဆွဲလျှင် ၁၂၆၀၀ဝိ/- နှင့် ၁၃၅၀၀ဝိ/- စျေး၊လက်လီစျေးအနေဖြင့်  ကြက်ဥ တစ်လုံးလျှင် ၄၂ဝိ/-နှင့် ၄၅ဝိ/- ၊   ဘဲဥတစ်လုံး လျှင်  ၅၇ဝိ/-နှင့် ၅၈ဝိ/- ၊ ငုံးဥ(၁၀) လုံးလျှင်၂၃၀ဝိ/- နှင့် ၂၅၀ဝိ/- စျေး အသီးသီးဖြင့် ရောင်းချလျက်ရှိပြီး   အရွယ်အစားပေါ်မူတည်၍ စျေးကွားခြားမှု ရှိသော်လည်း အရောင်းသွက်လျက်ရှိကြောင်းသိရပါတယ်။ ပြင်ဦးလွင်‌ဒေသရှိ မွေးမြူရေးခြံများမှ မန္တလေးစျေးကွက် အတွင်းသို့  ကြက်ဥဝင်ရောက်မှုမှာ  ၁၆ မိုင်၊ ထုံးဘိုဂိတ်ဖြတ်စာရင်းများအရ  ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလအတွင်း  ၆ဘီး နှင့် ၁၂ ဘီးယာဉ် (၃၇၁)စီး ဝင်‌ရောက်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)