တနင်္သာရီတိုင်းဒေသ၊မြိတ်မြို့ရှိ ကြက်သွန်ဖြူဈေးနှုန်း/ဈေးကွက်

Powered by Drupal

          မြိတ်မြို့နယ်စျေးကွက်အတွင်းရှိ မီးဖိုချောင်သုံးသီးနှံများဖြစ်သည့် ကြက်သွန်ဖြူကို နေရာ အနှံ့အပြားတွင် ရောင်းချကြပါသည်။ မြိတ်မြို့ဈေးကွက်အတွင်း အပတ်စဉ်ဝင်ရောက်လျက်ရှိပြီး ဒေသတွင်း လက်လီ/လက်ကားဝယ်ယူသူများ၊ မြို့နယ်များမှ တစ်ဆင့်ပြန်လည်ရောင်းချသူများ ပုံမှန်ရောင်းဝယ်နေကြောင်း သိရှိရပါသည်။

          ၂၀၂၅ခုနှစ် ယခုမတ်လတတိယပတ်တွင် မြိတ်မြို့နယ်ရှိ ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာ လျှင်(၁၆၅၀၀)ကျပ်ရှိပြီး ယခင်မတ်လပထမပတ်တွင် ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်ရှိပြီး ဈေးနှုန်းကျဆင်းနေကြောင်း သိရှိရပါသည်။ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်ရှိကြောင်းလည်း သိရှိရပါသည်။

DOCA(တနင်္သာရီ)