
ထားဝယ်မြို့ သစ်သီးဆိုင်များရှိ အရပ်ဒေသအသီးသီးမှ ဒေသထွက်ကုန်များ၊ သစ်သီးဝလံများ လာရောက်ရောင်းချလျက်ရှိရာ ဖရဲသခွားမွှေးများလည်း လူကြိုက်များ၍ ရောင်းအားကောင်းပါသည်။
ဖရဲသခွားမွှေးသည် မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်များတွင် အများဆုံး စိုက်ပျိုးကြသည်ဟု သိရှိရပါသည်။ ဖရဲသခွားမွှေးကို သားရည်စာ အဖြစ်လည်းကောင်း၊ ဖျော်ရည်အဖြစ်လည်းကောင်း အများဆုံး စားသုံးကြပါသည်။
ဖရဲသခွားမွှေး အသီးပုံသဏ္ဍာန်မှာ အလုံးပုံ၊ ဘဲဥပုံ၊ လုံးရှည်ပုံဟူ၍ အမျိုးမျိုးတွေ့ရပြီး အသီးခွံအ ရောင်မှာ အစိမ်းအနု၊ အရင့်၊ အဖြူရောင်၊ အဝါရောင်၊ ဆင်စွယ်ရောင်စသည်ဖြင့်တွေ့ရပါသည်။ အတွင်း သား အရောင်မှာ အဖြူရောင်၊ ဖြူစိမ်းရောင်၊ ဆင်စွယ်ရောင်၊ လိမ္မော်နီရောင်၊ အစိမ်းရောင်ဟု အမျိုးမျိုး ကွဲပြားလျက်ရှိပါသည်။
ဖရဲသခွားမွှေးအလုံးအကြီးတစ်လုံးလျှင် (၅၀၀၀) ကျပ်မှအလုံးအသေးတစ်လုံးလျှင် (၃၅၀၀) ကျပ် ရောင်းအားကောင်းကြောင်း ထားဝယ်မြို့ရှိသစ်သီးရောင်းဆိုင်များမှ သိရပါသည်။
DOCA(တနင်္သာရီ)