
မုန့်လက်သုတ်သည် ထားဝယ်လူမျိုးတို့ အင်မတန်နှစ်သက်စွာ စားသုံးသော စားစရာတမျိုးပင်ဖြစ် သည်။ ထားဝယ်မုန့်ဟင်းခါးမှ မုန့်ဟင်းခါးရည်ကို မသုံးပဲမုန့်လက်သုပ်ရည်ကိုသာ ထည့်၍ စားသုံးသည် ကိုမုန့် လက်သုပ်ဟုခေါ်သည်။ မုန့်လက်သုပ်မှာ အုန်းရည်ပါသဖြင့် ချဥ်ပြုံးပြုံးဖြင့် အရသာရှိလှသည်။ အဆာပြေစားသုံးသော သရေစာ တမျိုးလည်းဖြစ်သည်။
ချိုသည့်ပင်လယ်ငါးကို သုံး၍ချက်ကြသည်။ ထားဝယ်မုန့်လက်သုပ်ချက်ရာတွင် ကြက်သွန်ဖြူ၊ စပါးလင်၊ဂျင်း၊ ကြက်သွန်နီ၊အချဥ်ဖောက်ထားသောအုန်းရည်ချဥ်၊စသည့်တို့ပါဝင်သည်။ ထားဝယ် မုန့်လက်သုပ်ကို ငရုတ်သီးအစိမ်း၊ ပဲပင်ပေါက်အစိမ်း၊ ငံပြာရည်၊ သံပုရာရည်၊ အချို့မှုန့်၊ ဆား၊ မုန့်ဖက် တို့ဖြင့် ရောနှောကာ စားသုံးကြသည်။ ထားဝယ်မုန့်လက်သုပ်တစ်ပွဲလျှင် ကျပ်(၁၀၀၀)၊ (၁၅၀၀)ကျပ် စျေးနှုန်းရှိ ကြောင်းသိရှိ ရပါသည်။
DOCA(တနင်္သာရီ)