
ယခုချိန်အခါသည် နွေရာသီသို့ စတင်ဝင်ရောက်လာပြီဖြစ်ရာ ပူပြင်းလှသော အပူဒဏ်ကို ခံစား လာ သည်နှင့်အမျှ လူအများသည် အေးမြသောနေရာများကို ရှာဖွေ၍နေထိုင်ကြသလို၊ အေးမြသော အရည်များ ကိုလည်း သောက်သုံးလာကြပါသည်။ ရာသီအချိန်အခါလိုက် ပေါ်ထွက်သည့် သစ်သီး ဖျော်ရည်များ၊ ရာသီနှင့်လိုက်ဖက်သော ဖျော်ရည်များ၊ အခြားအေးမြ ချိုစိမ့်သော မြန်မာ့သောက် သုံးစရာ မုန့်များကို လည်းသောက်သုံးမှုများလာကြရာ မုန့်လက်ဆောင်းမှာ လည်းတစ်ခုအပါဝင်ဖြစ်ပါသည်။ ထားဝယ်မြို့ပေါ် တွင်မုန့်လက်ဆောင်းများကို စတင်ရောင်းချလျက်ရှိရာ နေပူပူအမောပြေ သောက်သုံး သူများလာသဖြင့် ရောင်းအားကောင်းလာသည်ကို တွေ့ရပါသည်။ မုန့်လက်ဆောင်းသည် ရာသီနှင့် အလိုက်ဖက်ဆုံး မုန့်တစ် မျိုးဖြစ်သလို သောက်လိုက်လျှင်လည်း ရင်ထဲအေး၍ အမောပြေစေပါ သည်။
မုန့်လက်ဆောင်းကို ထန်းလျက်၊ ဆား၊ မုန့်ဖတ်၊ သကြား၊ အုန်းသီး ၊ နှမ်းလှော်ထောင်း၊ ရေခဲ တို့ဖြင့် ပြုလုပ်ရကြောင်း ၊ မုန့်လက်ဆောင်း တစ်ခွက်လျှင် (၁၂၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိ ရှိရပါ သည်။
DOCA(တနင်္သာရီ)