မန္တလေးဂျုံစေ့နှင့်ဂျုံမှုန့်ဈေးနှုန်းဈေးကွက်

Powered by Drupal

           ဂျုံထွက်ရှိရာဒေသများဖြစ်ကြသည့် စစ်ကိုင်းမြို့နယ်၊ ချောင်းဦး၊ မြင်းမူနှင့် အခြား ဂျုံထွက်ရှိရာဒေသများမှ မန္တလေးမြို့ရှိ ပွဲရုံများသို့ ဝင်ရောက်လျက်ရှိသည်။ ဂျုံသီးနှံများသာမက အခြား လယ်ယာထွက်ကုန်ပစ္စည်းများကိုလည်း မဟာကထိန်တော်အသင်းကုန်စည်ဒိုင်ပေါက်ဈေး ဖြင့် ဝယ်ယူလျက်ရှိသည်။ ဖေဖော်ဝါရီလတတိယပတ်တွင် ပိဿာ(၆၀)ဝင်တစ်အိတ်လျှင် (၂၅၀၀၀ဝိ/-) ကျပ်ရှိခဲ့ပြီး၊ မတ်လ တတိယပတ်တွင် ပိဿာ(၆၀)ဝင်တစ်အိတ်လျှင် (၂၁၀၀၀ဝိ/-) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

          ဂျုံမှုန့်များကို မန္တလေးမြို့တွင်းရှိ စားသောက်ကုန်လုပ်ငန်းများတွင်သာမက ခေါက်ဆွဲ၊ ထပ်တစ်ရာ၊ ပလာတာ၊ အီကြာကွေး၊နံပြားစသည့် မုန့်များကို နံနက်စာအဖြစ် စားသုံးမှုပိုများပြီး မြန်မာမုန့်များတွင်လည်း ဂျုံမှုန့်အသုံးပြုမှုအများဆုံးဖြစ်ပြီး ယခင်နှစ်က ဂျုံမှုန့် ၂၅ ပိဿာ ဝင်တစ်အိတ်လျှင် (၈၀၀၀ဝိ/-)ကျပ်ထိရှိခဲ့ပြီး ယခုနှစ်တွင်(၁၆၀၀၀ဝိ/-)တို့ဖြင့် ဝယ်ယူရကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)