
မအူပင်ခရိုင်၊ ပန်းတနော်မြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်း ဘဲခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး၊ ကြက်ဥများကို ညောင်တုန်း ကြက်ခြံများမှ လိုအပ်ချက်အရ ဝယ်ယူရောင်းချကြောင်းသိရသည်။
၂၀၂၅ ခုနှစ်၊ မတ်လ အတွင်း ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်းများမှာ ကြက်ဥကြီးတစ်လုံးလျှင် (၄၀၀)ကျပ်၊ ဘဲဥအကြီးတစ်လုံးလျှင်(၄၅၀)ကျပ်၊ ကြက်ဥသေးတစ်လုံးလျှင်(၃၈၀)ကျပ်နှင့် ဘဲဥအသေးတစ်လုံးလျှင်(၄၂၀) ကျပ်၊ ငုံးဥ(၁၀)လုံးလျှင် (၁၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီးယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျှက်ရှိကြောင်းတွေ့ရှိရသည်။ ကြက်ဥ၊ဘဲဥ၊ ငုံးဥများကို စားသောက်ဆိုင်များ၊ မုန့်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပြီး အိမ်ရှင်မ များမှ ချက်ပြုတ်စားသောက်ရန် အသုံးပြုကြကြောင်း ကြက်ဥ၊ဘဲဥ ရောင်းချသူ ဈေးသည်များထံမှသိရှိရသည်။
DOCA(ဧရာဝတီ)