
ဧရာဝတီဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်းရှိ လက်ဆွဲချောင်းအုပ်စု၊ ရွှေကညင် ကျေးရွာ တောင်သူ ဦးပေါကြွယ် ကိုင်းမြေတွင် နှမ်းနှင့်ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးကြပြီး အစေ့ထုတ် ပြောင်းသီးနှံကို စိုက်ဧက ၃ ဧက ခွဲခန့် စိုက်ပျိုးထားရှိ ကြောင်း သိရသည်။
မျိုးအနေဖြင့် ဒေသတွင်းမျိုး (၈၀၈)မျိုးကို စိုက်ပျိုးကြပြီး မျိုး ၁ထုတ်ကို ငွေကျပ် ၈၅၀၀ကျပ် ဝယ်ယူစိုက်ပျိုးရသည်။ ၃ဧကကို မျိုးထုတ် ၆ထုတ်စိုက်ပျိုးရပြီး ၁ဧကလျှင် ၂ထုတ်နှုန်း စိုက်ပျိုးကြောင်းသိရသည်။ သီးတင်းကျွတ်လ မှ တပေါင်းလအထိ စတင်စိုက်ပျိုး၍ ၄လအကြာတွင် အပြီးခူးဆွတ်ကြောင်း၊ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၃၀,၀၀၀,၀၀၀-၄၀,၀၀၀.၀၀၀ ကြား ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ပြုစုပျိုးထောင်မှု အပေါ်မူတည်၍ တင်း ၂၀၀ မှ တင်း၃၀၀ခန့် ထွက်ရှိကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် မတ်လ၂၂ရက်နေ့ ကာလပေါက်ဈေး ၁တင်းဈေးနှုန်း ၃၁၇၀၀ကျပ်ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိသည်။ တောင်သူများအနေဖြင့် ၃ဧက လျှင် ငွေကျပ် ၃၀,၄၉၀,၀၀၀ အကျိုးအမြတ်ရရှိကြောင်း၊ ဈေးနှုန်းအတက်အျကပေါ်မူတည်၍ အကျိုးအမြတ် ပုံသေတွက် ချက်၍ မရနိုင်ကြောင်း စိုက်ပျိုးတောင်သူမှ ပြောပြသည်။ ဈေးကွက်အနေဖြင့် ဒေသအတွင်းနှင့် ရန်ကုန်တိုင်းဒေသကြီးမြို့သို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိသောကြောင့် နှစ်စဉ်တိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)