ဟင်္သာတမြို့နယ်၌ ပဲလွမ်းဖြူဈေးကွက်အရောင်းအဝယ်သွက်၍ ဒေသစီးပွားရေးတိုးတက်

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် လတ်တလောအချိန်အတွင်း ပဲလွမ်းဖြူအရောင်းအဝယ်လုပ်ငန်းများ သွက်လာပါတယ်။ မတ်လဒုတိယပတ်မှ စတင်ကာ မတ်လ ၂၁ ရက်အထိ ပဲလွမ်းဖြူဈေးကွက်အတွင်း ဝယ်ယူမှုတိုးလာမှုကြောင့် အရောင်းအဝယ်လုပ်ငန်း ကောင်း လာတာကို တွေ့ရပါတယ်။ လက်ရှိတွင် ဒေသအတွင်း ပဲလွမ်းဖြူအသစ်များမှာ မထွက်ရှိသေးသော် လည်း ယခင်သိမ်းဆည်းထားသော ဆောင်းသီးနှံ ပဲလွမ်းဖြူများကို အဓိကအရောင်း အဝယ် လုပ်ကိုင် နေခြင်း ဖြစ်ပါတယ်။ ဈေးနှုန်းအနေဖြင့် ပဲလွမ်းဖြူ ၂၄ ပြည်ဝင် တစ်အိတ်သည် ယခုအချိန်တွင် ကျပ် ၁၂၉၅၀၀ ခန့်ပေါက်ဈေးရှိနေပြီး ယင်းပဲလွမ်းဖြူအပြင် မတ်ပဲ၊ ပဲတီစိမ်း၊ ပြောင်း၊ စပါးနှင့် ဆန်စသည့် ထုတ်ကုန်များကိုလည်း ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိသည်။

DOCA(ဧရာဝတီ)