မကွေးဈေးကွက်အတွင်းဖြစ်ပေါ်နေသော ပဲမျိုးစုံဈေးနှုန်းအခြေအနေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်ရွာ ဟောင်းကန်၊ သစ်ရာကောက်စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ နတ်မောက်၊ တောင်တွင်းကြီး၊ မြို့သစ်မြို့တို့မှထွက်ရှိသော   ပဲတီစိမ်း၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲ၊ ကုလားပဲ၊ မြေပဲနှင့် နှမ်းသီးနှံများ မကွေးဈေးကွက်သို့ နေ့စဉ် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

မြေပဲ

          ၂၀၂၅ခုနှစ်၊ မတ်လ(တတိယပတ်)တွင် မြေပဲလုံးဆံနီ(၁)ပိဿာလျှင် ကျပ်(၈၁၀၀)၊ မြေပဲလုံး ဆံဖြူ(၁)ပိဿာလျှင် ကျပ်(၈၈၀၀)၊ မြေပဲအောက်ကျ(ဆီဆံ) (၁)ပိဿာလျှင် ကျပ်(၇၂၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းမှာတည်ငြိမ်လျက်ရှိကြောင်း သိရသည်။ ထွက်ရှိသည့်မြေပဲများကို မကွေးမြို့ပေါ်ရှိပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတဆင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ လည်းကောင်း၊ ဒေသတွင်းရှိ ဆီစက်လုပ်ငန်းရှင်များမှ အများဆုံး ဝယ်ယူကြကြောင်း၊ တစ်ပတ်အတွင်း တန်ချိန်(၃၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း  သိရသည်။

ကုလားပဲ

          မကွေးဈေးကွက်၌ မြို့သစ်၊ တောင်တွင်းကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသည့် ကုလားပဲသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဈေးနှုန်း အနေဖြင့် မတ်လ(တတိယပတ်)တွင် ကုလားပဲ(ဟော်လန်)(၁)တင်းလျှင် ကျပ်(၇၄၀၀၀)၊ ကုလားပဲ (929)(၁)တင်းလျှင် ကျပ်(၇၅၅၀၀)ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်တစ် ပတ်နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကုလားပဲ(ဟော်လန်) ကျပ်(၁၀၀၀)၊ ကုလားပဲ(929) ကျပ်(၂၀၀၀)ဈေးနှုန်းမြှင့်တက်လာကြောင်း သိရသည်။ ပြည်တွင်းကုလားပဲဈေးကွက်၌ အရောင်း အဝယ်သွက်၍ အဝယ်လိုက်နေသောကြောင့် ဈေးနှုန်းမြှင့်တက်ရခြင်းဖြစ်ကြောင်း၊ ဈေးကွက် အနေဖြင့် တစ်ပတ်အတွင်း မကွေးမြို့မှရန်ကုန်မြို့သို့ ကုလားပဲအိတ်ရေ(၃၀၀၀)၊ ပဲခူးမြို့သို့ အိတ်ရေ (၂၀၀၀)တင်ပို့ပြီး တန်ချိန်(၃၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

၂၀၂၅ခုနှစ်၊ မတ်လ(တတိယပတ်)တွင် ပဲစဉ်းငုံနီ(၁)တင်းလျှင် ကျပ်(၉၆၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ကျပ်(၁၀၀၀)ဈေးနှုန်းအနည်း ငယ်မြင့်တက်ခဲ့ကြောင်း သိရသည်။ မကွေးဈေးကွက်သို့ ပဲစဉ်းငုံနီသစ်များ လှိုင်လှိုင်ဝင်ရောက် လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးများသို့ တင်ပို့လျက် ရှိကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ ပဲစဉ်းငုံအိတ်ရေ (၁၀၀၀)တင်ပို့ပြီး တန်ချိန်(၁၅၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မတ်ပဲ

၂၀၂၅ခုနှစ်၊ မတ်လ(တတိယပတ်)တွင် မတ်ပဲ(၁)တင်းလျှင် ကျပ်(၉၀၀၀၀)ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ မတ်ပဲအိတ်ရေ(၂၅၀၀)တင်ပို့ပြီး တန်ချိန်(၁၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

DOCA(မကွေး)