ကန့်ဘလူမြို့မဈေးတွင် ဒေသထွက် မရမ်းသီးများ ရောင်းချလျက်ရှိ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း၊ ချိုချိုချဉ် ချဉ်လေးနဲ့ အရသာရှိသော  မရမ်းသီးကို လူတိုင်းကြိုက်ကြကြောင်း၊ မရမ်းသီးလေးစားရတာက ခံတွင်းတွေ့ပြီး စိတ်ကျေနပ်စရာဖြစ်ကြောင်း၊ မရမ်းသီးစိမ်းသည်  ဆားရည်ပဲစိမ်စားစား၊ ပါးပါးလေး လှီးပြီး သုတ်ပဲစားစား၊ လက်ဖက်နဲ့ပဲရောစားစား စားလို့ကောင်းသော အသီးအနှံဖြစ်ကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ မတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”တွင်ရောင်းချနေသည့်  မရမ်းသီးဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၁၁၀၀၀) ကျပ်၊ (၁၀)ကျပ်သားလျှင်(၁၂၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ မရမ်းသီးများသည် ကန့်ဘလူမြို့ပေါ် ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှလည်းဝင်ရောက်ကြောင်း မရမ်းသီးများ လှိုင်လှိုင်ထွက်ရှိ၍ ဈေးနှုန်းများကျဆင်းလျက်ရှိကြောင်း၊ ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များ ထံမှသတင်းရရှိသည်။

DOCA(စစ်ကိုင်း)