ကန့်ဘလူမြို့နယ်၌ ကိုက်လန်ရွက် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

Powered by Drupal

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ကိုက်လန်များ ရောင်းချလျက်ရှိကြောင်း၊ ကိုက်လန်ရွက်ကို မြို့ပေါ်ရပ်ကွက်များမှ အဓိကထွက်ရှိကြောင်း၊ ကန့်ဘလူမြို့နယ် နတ်အင်းကျေးရွာတွင်လည်း မိမိတို့ယာကွက်များ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ကိုက်လန် ရွက်ကို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များစသည့်တို့မှ ဝယ်ယူအသုံးပြုသည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကိုက်လန်ရွက် (၁)စီးလျှင်(၃၀၀)ကျပ်၊ (၂)စီလျှင် ၅၀၀ကျပ်နှင့်(၁၀)စီးပါတစ်ထုံးလျှင်(၂၇၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း၊ ကိုက်လန်ရွက်သည် စိုက်ပျိုးစရိတ်ကုန်ကျမှု နည်းသည့်အတွက် ထိုက်သင့်သည့် အကျိုးအမြတ်ရရှိကြောင်း စိုက်ပျိုးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)