ကန့်ဘလူမြို့နယ်၌ မြေပဲလုံးဆံဈေးနှုန်း အနည်းငယ်ကျဆင်း

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မြေပဲလုံးဆံများကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း၊ ဆီစက်လုပ်ငန်းရှင်အချို့မှ မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချကြောင်း၊ မြေပဲလုံးဆံကို မြေပဲယို၊ မြေပဲဆားလှော် စသည်ဖြင့်လည်းကောင်း၊ အစားအသောက်များနှင့်တွဲဖက်စားသုံးခြင်းတို့ ပြုလုပ်ကြကြောင်း သိရသည်။

             ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်နေသည့် မြေပဲလုံးဆံများကို ဒေသတွင်းမှလည်းကောင်း၊ မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှလည်းကောင်း ဝင်ရောက်လျက်ရှိကြောင်း၊ မတ်လ စတုတ္ထပတ်အတွင်း မြေပဲလုံးဆံ(၂၅)ပိဿာတစ်အိတ်လျှင် (၁၉၅၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး  ယခင်ပတ်ဈေးနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း မြေပဲလုံးဆံ(၁)တစ်အိတ်လျှင် (၅၀၀၀)ကျပ် ကျဆင်းသွားကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)