ကန့်ဘလူခရိုင်၌ ခရမ်းသီးပင် စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

Powered by Drupal

             စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် အမှတ်(၂)ရပ်ကွက်တွင် ခရမ်းသီး ပင်များစိုက်ပျိုးကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးသူဦးဝင်းအောင်၏ ပြောပြချက်အရ သိရသည်။

          ခရမ်းသီပင်ကို စတင်စိုက်ပျိုးမည်ဆိုလျှင် ထယ်ရေးပြင်ရပြီး ပျိုးထောင်ကာ မိုးဦးကျကာလ တွင်စိုက်ပျိုးရကြောင်း၊ ခရမ်းမျိုးမှာ အရှည်မျိုး ဆင်စွယ်ခရမ်းနှင့် အလုံးမျိုး ထောပတ်ခရမ်းတို့ကို စိုက်ပျိုးထားကြောင်း၊ ခရမ်းသီးပင်စိုက်ပျိုးပြီး သုံးလအကြာတွင် အသီးကို စတင်ခူးဆွတ်ရောင်းချရပြီး  တစ်ရက်ခြားတစ်ခါခူးဆွတ်ရကြောင်း၊ မတ်လ စတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ ခရမ်းသီး တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ်(၁၀၀၀)နှုန်းနှင့် လက်လီဈေး(၁၁၀၀)ကျပ်နှင့် (၅၀)ကျပ် သားလျှင် (၆၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း ခရမ်းစိုက်တောင်သူ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)