
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း မတ်လ တတိယပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲဈေးနှုန်းများမှာ မတ်ပဲ(စာပါးစပ်)အမျိုးအစား တစ်တင်းလျှင် ၉၄၅၀၀/- ကျပ်၊ မတ်ပဲ TBL9 အမျိုးအစား တစ်တင်းလျှင် ၉၃၅၀၀/- ကျပ်၊ ပဲတီစိမ်း(စီပြောင်) တစ်တင်းလျှင် ၁၀၀၀၀၀/-ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ)တစ်တင်းလျှင် ၁၁၀၀၀၀/-ကျပ်၊ ပဲတီစိမ်း(နီ) တစ်တင်းလျှင် ၁၂၃၀၀၀/- ကျပ်၊ ပဲလွမ်း(ဖြူ)တစ်တင်းလျှင် ၇၂၅၀၀/-ကျပ်၊ ပဲလွမ်းနီ တစ်တင်းလျှင် ၇၃၀၀၀/- ကျပ်၊ ပဲပုတ် တစ်တင်းလျှင် ၁၂၂၀၀၀/-ကျပ်နှင့် ဘိုကိတ်ပဲတစ်တင်းလျှင် ၇၂၅၀၀/- ကျပ် ဈေးနှုန်းတို့ဖြင့် ဟင်္သာတဈးကွက်သို့ နေ့စဉ် တင်ပို့ရောင်းချလျက်ရှိပါသည်။ ယခင်လနှင့် ကာလတူ ဈေးနှုန်းနှိုင်းယှဉ်ပါက မတ်ပဲနှင့်ပဲလွမ်းနီ ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လာပြီး ကျန်ပဲအမျိုးအစားများမှာ ဈေးအနည်းငယ် ကျဆင်းလာကြောင်း အင်္ဂပူမြို့နယ်တွင်း ဒေသခံ ကုန်သည်များနှင့် အဝယ်ဒိုင်များမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)