ဖြူးမြို့မှ စပါး၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ

Powered by Drupal

           တောင်ငူခရိုင်၊ ဖြူးမြို့တွင် ယခင်လက စပါး တင်း ၁၀၀ လျှင် ၁၆၀၀၀၀၀ ကျပ် ရှိရာမှ ယခုလ တွင် ၁၅၀၀၀၀၀ ကျပ် ဖြစ်ပြီး ဆန်ဈေးမှာ ဧည့်မထ အလတ်စဆန် တစ်အိတ်လျှင် ၆၃၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းပါသည်။

          ယခင်လက ဆန်ကွဲကြီးတစ်အိတ်လျှင် ၅၀၀၀၀ ကျပ်၊ ဆန်ကွဲသေး တစ်အိတ်လျှင် ၄၅၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ဆန်ကွဲကြီးတစ်အိတ် လျှင် ၄၈၀၀၀ ကျပ်၊ ဆန်ကွဲသေး တစ်အိတ်လျှင် ၄၂၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်ကျဆင်းပါသည်။ ဖွဲနုမှာ ယခင်လက ၂၂၅၀၀ ကျပ်မှ ယခုလတွင် ၂၄၀၀၀ ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၁၅၀၀ ကျပ် ဈေးတက်ပါသည်။

          တောင်သူလယ်သမားအများစုမှာ စပါးကိုပွဲစားများထံသို့တိုက်ရိုက်ရောင်းချပြီး တောင်သူအချို့မှာ စပါးကိုစက်အရောက်သယ်ယူ၍ ကြိတ်ခွဲပြီးမှ ထွက်ရှိလာသော ဆန်နှင့်ဆန်ထွက် ပစ္စည်းများကို ပြန်လည်ရောင်းချခြင်းဖြင့် အကျိုးအမြတ်ပိုရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)