ကြံ နှင့် သကြားဈေးအနည်းငယ်ကျဆင်း

Powered by Drupal

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကြံကြိတ်ရာသီ ကုန်ဆုံးတော့မည်ဖြစ်၍ ယခင်လများက ရွှေညောင်မြို့နယ်ရှိ မြဘုရင်သကြားစက်ရုံမှ စက်ရုံအရောက် ကြံတစ်တန်လျှင် ( ၂၀၀၀၀၀/-)နှုန်းဖြင့် ဝယ်ယူခဲ့ပြီး ယခုလတွင်တော့  ကြံဝယ်ယူမှုကို ရပ်နားလိုက်ပြီဖြစ်ကြောင်းနှင့်  ဒေသတွင်း တစ်ပိုင်တစ်နိုင် စက်ရုံငယ်များမှာတော့ ကြံလက်ကျန်များအား တစ်တန်လျှင် (၁၅၀၀၀၀/- မှ ၁၈၀၀၀၀/-)ဈေးဖြင့် ဝယ်ယူ လျက်ကြောင်း သိရှိရပါသည်။

ယခင်လတွင် သကြား တစ်ပိဿာ(၅၀၀၀/-) နှင့် သကာရည် ၁ပေပါလျှင်( ၂၈၀၀၀၀/-) ဈေးရရှိ သော်လည်း ယခုလတွင် သကြား တစ်ပိဿာ(၄၈၀၀/-) နှင့် သကာရည်  ၁ ပေပါလျှင် ( ၂၅၀၀၀၀/-) ဈေးရှိပြီး ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။ ကြံသကာ တစ်ပိဿာ(၄၀၀၀/-)၊ တင်လဲရည် တစ်ပိဿာ(၉၀၀/-)ဖြင့် ဈေးတည်ငြိမ်နေကြောင်း နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ထွက်ရှိသည့် သကြားများကို  ရန်ကုန်မြို့သို့လည်းကောင်း၊ ကြံသကာများကို မိတ္ထီလာမြို့သို့လည်းကောင်း အများဆုံးတင်ပို့ရောင်းချလျက်

ရှိ ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)