ပြည်ရာသီစာ မန်ကျည်းရွက်ဈေးကွက်

Powered by Drupal

              ယခုအခါပြည်ဈေးကွက်အတွင်းသို့ မန်ကျည်းရွက်နုများ ဝင်ရောက်၍ အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ တပေါင်းလဖြစ်၍ မန်ကျည်းရွက်များ ရွက်နုများဝေချိန် မန်ကျည်းရွက် ပေါ်ခါစ ရှားပါးကာဈေးကောင်းရလျက်ရှိပါသည်။ ပြည်မြို့အရှေ့ဘက်ရှိ နတ္တလင်းရွာ၊ ထန်းပေါက်၊ မှော်ဇာနှင့် ပြည်မြို့အနောက်ဘက်ကမ်းရှိ သစ်စိမ့်ပင်၊ ရွှေဘုံသာ၊ မန်ကျည်းစုရွာများမှ တစ်ပတ်လျှင် ရက်ခြားဝင်ရောက်မှုရှိပြီး တစ်ခါဝင်ရောက်လျှင် (၅)ပိဿာခန့်သာ ဝင်ရောက်မှုရှိပါသည်။ ပြည်ဈေး ကွက်တွင်ရောင်းချသော မန်ကျည်းရွက်နုဈေးမှာ (၁၀)သားကျပ်သားလျှင် ယခင်နှစ်က (၇၀၀-၈၀၀) ကျပ်ရှိပြီး ယခုအခါ (၁၀)သားလျှင် (၂၀၀၀)ကျပ်ခန့် ရောင်းချကြောင်းသိရပါသည်။ ထို့ကြောင့် မန်ကျည်းရွက်နုဈေးမှာ ယခုနှစ်တွင် ဈေးအနည်းမြင့်တက်လာသည်ဟု သိရှိရပါသည်။

DOCA(ပဲခူး)