
စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြင်းခြံမြို့ရှိ MSME လုပ်ငန်းများ ဖွံ့ဖြို့တိုးတက်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဥပဒေများနှင့်အညီထုတ်လုပ်နိုင် စေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရှိရာ ( ၂၂.၃. ၂၀၂၅ ) ရက်နေ့၊ နေ့လည်(၁၄:၀၀) နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် ဝန်ထမ်းများသည် မြင်းခြံမြို့၊ မြို့သစ်ရပ်ရှိ အာကာမိုးအမှတ်တံဆိပ် အာလူးကြော်၊ ကောက်ညှင်းပဲပုပ်ကြော်၊ ဘယာ ကြော်နှင့် စာကလေးကြော်လုပ်ငန်းခွင်သို့ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အာကာမိုးအမှတ်တံဆိပ်လုပ်ငန်းသည် နေ့စဉ်ကုန်ကြမ်း(အာလူး)အချိန်(၈၀/၉၀)ပိဿာ အသုံးပြုရကြောင်း၊ ကုန်ကြမ်းအချိန်(၁၀)ပိဿာလျှင် ကုန်ချော(အာလူးကြော်)တစ်ပိဿာထွက်ရှိ ကြောင်း၊ အာလူးကို ရှမ်းပြည်နယ် အောင်ပန်းမြို့၊ ဆင်ဖြူကျွန်းနှင့်စလင်းမြို့တို့မှ မှာယူရပါကြောင်း၊ ပဲပုပ်ကို နွားထိုးမြို့မှ မှာယူကြောင်း၊ နေ့စဉ် လုပ်သား(၅)ဦးဖြင့် လုပ်ကိုင်လျက်ရှိကြောင်း ၊ အာလူး ကြော်ထုပ်များမှာ ၁၀၀၀၊ ၁၅၀၀၊ ၂၀၀၀၊ ၃၀၀၀ ကျပ် ၊ ကောက်ညှင်းပဲပုပ်ကြော်ကို ၅၀၀/ ၁၀၀၀ ကျပ်များဖြင့်ဒေသတွင်းရောင်းချလျက်ရှိကြောင်းသိရသည်။ ခရိုင်ဦးစီးမှူးမှMSME လုပ်ငန်းများဖွံဖြိုး တိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းသုံးစားအုန်းဆီများကိုလည်း လုပ်ငန်းခွင်များတွင် မှန်ကန်စွာသုံးစွဲရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်း ပစ္စည်းများသည် အရည်အသွေးကောင်းမွန်မှုရှိရန်၊ မိမိတို့ထုတ်လုပ်သောကုန်ပစ္စည်းများကို သန့်ရှင်း သပ်ရပ်စွာဖြင့်ထုတ်လုပ်၍ ကျန်းမာရေးနှင့်ညီညွတ်ရန် အထူးအလေးထားလုပ်ဆောင်ရမည်ဖြစ်ပါ ကြောင်း၊ ကုန်စည်နှင့်သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရမည်ဖြစ်ပါကြောင်း၊ စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိ ပညာပေး၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)