ကယ်လိုရီနည်းပြီးအာဟာရပြည့်ဝသောရွှေဖရုံသီး

Powered by Drupal

           ရွှေဖရုံသီးကို စိုက်ပျိုးချိန်မှာ မိုးရာသီအစဖြစ်သော မေလနှောင်းပိုင်းတွင် စိုက်ပျိုးကြသလို၊ နွေဦးပိုင်းအစများတွင်လည်း နေရာဒေသအလိုက် စိုက်ပျိုးကြကြောင်း၊ ရေစီးကောင်းသော သဲနုန်း မြေ တွင်ဖြစ်ထွန်းပြီး မျိုးစေ့အလိုက် ရက် ၉၀ မှ ၁၂၀ ရက်ကြာမြင့်သည်။ အသီးဆွတ်ခူးချိန်မှာ စက်တင်ဘာလမှ နိုဝင်ဘာလတွင် ဆွတ်ခူးလေ့ရှိသည်။

            မြင်းခြံမြို့နယ် ကုန်စိမ်းဈေးဖြစ်သော အေးမြသီတာဈေးတွင် ရောင်းချနေသော ရွှေဖရုံသီး တစ်ပိဿာလျှင် ၂၅၀၀ ကျပ်ဖြစ်ပြီး၊ ရှမ်းမျိုးဖြစ်သော ဖရုံသီးတစ်လုံးလျှင် (၅၀၀) ကျပ်မှ (၇၀၀) ကျပ်အထိ ရောင်းချလျက်ရှိသည်။ ရွှေဖရုံသီးများကို ဒေသတွင်းဖြစ်သော လေးအိမ်တန်းကျေးရွာ၊ လှိုင်းတက်ကျေးရွာ၊ ဒါးကျွန်းကျေးရွာများမှ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည်။ ကျန်းမာရေးအကျိုး ကျေးဇူးအနေဖြင့် ဗီတာမင်အေနှင့် ဗီတာမင်စီ ကြွယ်ဝသောကြောင့် ကိုယ်ခံအားကို မြှင့်တင် ပေးခြင်း၊ အရေပြားကြည်လင်ခြင်း၊ နှလုံးကျန်းမာရေးကိုကောင်းစေခြင်း၊ အန်တီအောက်ဆီး ဒင့်ဓာတ် ပါဝင်သောကြောင့် ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးခြင်း၊ ဇင့်ဓာတ်ပါဝင်၍ အရိုးသန်မာစေပြီး ကယ်လိုရီနည်း၍ အာဟာရပြည့်ဝသောကြောင့် ကိုယ်အလေးချိန်ထိန်းသူများ စားသုံးနိုင်သည်။

DOCA(မန္တလေး)