မြင်းခြံမြို့နယ်၌ ပဲပုပ်သီးနှံ စိုက်ပျိုးထွက်ရှိမှုအခြေအနေ

Powered by Drupal

             မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်းရှိ လေးအိမ်တန်း၊ ဂေါင်းကွဲ၊ သဲဖြူဝ၊ ထနောင်းကုန်း၊ ထနောင်းတိုင် စသည့်ကျေးရွာအုပ်စုများတွင် ပဲမျိုးစုံကို အားထားစိုက်ပျိုးကြသလို ပဲပုပ်သီးနှံကိုလဲ စိုက်ပျိုးကြောင်းနှင့် ယခုနှစ်တွင် မြင်းခြံမြို့နယ်အတွင်း ပဲပုပ်သီးနှံကို (၆၂၀၀)ဧက စိုက်ပျိုးခဲ့ပြီး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးကြောင်းသိရသည်။

စက်တင်ဘာလနှင့်အောက်တိုဘာလများတွင် စတင်စိုက်ပျိုးခဲ့သည့် ပဲပုပ်သီးနှံများသည် ဖေဖော်ဝါရီလမှစတင်ရိတ်သိမ်းခဲ့ကြောင်း၊ မြင်းခြံဈေးကွက်သို့ ပဲပုပ်အဝင်နည်းသော်လည်း ဈေးနှုန်း သိသိသာသာကျဆင်းသွားခြင်းမရှိဘဲ ဈေးကောင်းရလျက်ရှိကာ နေ့စဉ်ကုန်ချိန်အိတ်(၄၀)မှ(၈၀)ကြား အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲပုပ်သီးနှံကို တိုက်ရိုက်အစေ့ချစိုက်ပျိုးကာ အပင်ပေါက်ချိန်၊ အပင်ကြီးထွားချိန်နှင့် အတောင့်အတွင်း အစေ့အဆံတည်ချိန်တို့တွင် ရေအဓိကလိုအပ်ပြီး ရေလိုအပ်ပါ ကရေသွင်းစိုက်ပျိုးကြကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မြေပြုပြင်ခြင်း၊ သွင်းအားစု၊ ပျိုးပင်၊ လုပ်အားခအပါအဝင် (၆၅၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ပျမ်းမျှအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၁၂)တင်းခန့်ထွက်ရှိကြောင်း၊ မြင်းခြံမြို့နယ်တွင် လက်ရှိအရောင်းအဝယ်ဖြစ်လျက်ရှိသည့်ဈေးနှုန်းမှာ တစ်ပိဿာလျှင်(၅၃၀၀)ကျပ်ဖြစ်သဖြင့် တစ်တင်းလျှင်(၉၅၄၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ တောင်သူအကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင်(၅၀၀၀၀၀)ကျပ်ခန့်ရရှိသည့်အတွက် တောင်သူများ အဆင်ပြေလျက်ရှိပါကြောင်း ပဲပုပ်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။

DOCA(မန္တလေး)