“နှံစားပြောင်းသီးနှံများ ဖြိုင်ဖြိုင်ရိတ်သိမ်း”

Powered by Drupal

     အပူပို်ငးဒေသဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းတွင် နှံစား ပြောင်းများ ဖြိုင်ဖြိုင်ရိတ်သိမ်းလျက်ရှိပါသည် ။ ကျောက်ဆည်ခရိုင်အနေဖြင့် နှံစားပြောင်းစိုက် ဧက(၄၂၀၅)ဧကရှိပြီး ရိတ်သိမ်းဧက(၂၁၇၇)ဧကရှိကြောင်း၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီး ဌာနမှ စာရင်းများအရသိရှိရသည်။ နှံစားပြောင်းသီးနှံကို ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး ပတ်ကြဲ စနစ်ထက် အစေ့ချအတန်းလိုက် စိုက်ပျိုးသင့်ကြောင်း၊ယခုမတ်လ တတိယအပတ်အချိန်တွင် ဖြိုင်ဖြိုင်ရိတ်သိမ်း လျက်ရှိပါသည်။ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုး ၊ သွင်းအားစု ၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၃၀၀၀၀၀)ကျပ်ခန့် ကုန်ကျပြီး အထွက်နှုန်း အနေ ဖြင့် (၄၀/၄၅)တင်း အထိ ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၂၃၀၀၀)ကျပ်ဖြင့် ပွဲရုံများသို့ ရောင်းချရကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့်(၉၀၀၀၀၀)သိန့်ခန့်ရရှိကြောင်း၊ ပြောင်းရိုးများကိုလည်း အပင်ခြေမှ ခုတ်ကာ နွားစာအဖြစ် အခင်းပြတ်ရောင်းချ၍ရကြောင်း ၊ စိုက်ပျိုးစရိတ်နည်းပါးသည့်အတွက် အကျိုး အမြတ်များပြားသော နှံစားပြောင်းသီးနှံအား တောင်သူများ ပိုမိုစိုက်ပျိုးသင့်ကြောင်း နှံစားပြောင်း စိုက်ပျိုးသူ တောင်သူတစ်ဦး၏ ပြောကြား ချက်အရသိရှိရသည်။

DOCA(မန္တလေး)