အောင်လံကုန်စည်ဒိုင်၏ ၂၀၂၅ခုနှစ်၊ မတ်လ(စတုတ္ထပတ်)အတွင်း နှမ်းသီးနှံ ဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

              မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် နှမ်းသီးနှံများ နေ့စဉ် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။

နှမ်းနက်(စမုံ)

           အောင်လံကုန်စည်ဒိုင်တွင် နှမ်းနက်(စမုံ) ဈေးနှုန်းဈေးကွက်အနေဖြင့် အရည်အသွေး စံချိန် စံညွှန်းပြည့်မီသည့် ထိပ်စသီးနှံများကို မတ်လ(တတိယပတ်)မှ (စတုတ္ထပတ်)အထိ (၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၂၁၅၀၀၀ မှ ၂၂၃၀၀၀)ဈေးနှုန်းများဖြစ်ပေါ်လျက်ရှိပြီး ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

           အရည်အသွေးနိမ့်သည့် (အပြာမလွတ်)သီးနှံများကို မတ်လ(တတိယပတ်)မှ(စတုတ္ထပတ်) အထိ (၁)တင်းလျှင် အနိပ်ဈေး ကျပ်(၂၁၀၀၀၀)၊ အမြင့်ဈေး ကျပ်(၂၁၃၀၀၀)ဖြစ်ပေါ်လျက် ရှိပြီး ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် ယခုတစ်ပတ်အတွင်း နှမ်းနက်စမုံ စုစုပေါင်း တင်းရေ(၁၃၅၀)တင်း၊ တန်ချိန်(၃၃)တန်ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

နှမ်းနီ

             နှမ်းနီ၏ ဈေးနှုန်းဈေးကွက်အခြေအနေမှာ အများအားဖြင့် အောင်လံမြို့အတွင်းရှိ ဆီကြိတ်ခွဲ စက်ရုံများမှ ဝယ်ယူလျက်ရှိပြီး မတ်လ(တတိယပတ်)မှ (စတုတ္ထပတ်)အထိ (၁)တင်းလျှင် ကျပ် (၁၁၁၅၀၀) ဈေးနှုန်းရှိခဲ့၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုတစ်ပတ် အတွင်း တင်းရေ(၆၆၀)တင်း၊ တန်ချိန်(၁၆.၂)တန်ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

နှမ်းဖြူ

            နှမ်းဖြူကို သီးနှံအရည်အသွေးအလိုက် မတ်လ(တတိယပတ်)မှ (စတုတ္ထပတ်)အထိ (၁) တင်းလျှင် အနိမ့်ဈေး ကျပ်(၁၁၁၅၀၀)၊ အမြင့်ဈေး ကျပ်(၁၁၃၃၀၀)ဖြင့် ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိရာ ယခုတစ်ပတ်အတွင်း တင်းရေ (၃၉၀)တင်း၊  တန်ချိန်(၉.၆) တန် ခန့်အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

            အောင်လံကုန်စည်ဒိုင်အနေဖြင့် နှမ်းသီးနှံကို ၂၀၂၅ခုနှစ်၊ မတ်လ(စတုတ္ထပတ်)အတွင်း တင်းရေစုစုပေါင်း(၂၄၀၀)တင်း၊ တန်ချိန်(၅၈.၈)တန်ခန့် အရောင်းအဝယ်ရှိခဲ့ပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)