နေကြာသီးနှံစျေးနှုန်းစျေးကွက်

Powered by Drupal

           ပြည်တွင်းစားဆီစျေးကွက်တွင် အဓိကစားသုံးသောဆီများမှာ မြေပဲဆီ၊နှမ်းဆီ၊နေကြာဆီ၊ ဟင်းသီးဟင်းရွက်ဆီနှင့်စားအုန်းဆီတို့ဖြစ်ပြီး၊နေကြာဆီမှာကျန်းမာရေးနှင့်ညီညွှတ်သည့် စားသုံး ဆီ တစ်မျိုးဖြစ်ပါတယ်။ နေကြာသီးနှံမှာပြည်တွင်းစားဆီကြိတ်ခွဲခြင်းနှင့်ဆီစက်လုပ်များအတွက် အရေး ပါသကဲ့သို့ နေကြာစေ့များအား လှော်၍သရေစာအဖြစ်စားသုံး ကြောင်းသိရပါတယ်။ မန္တလေးတိုင်း ဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့တွင်နေကြာသီးနှံ စိုက် ပျိုး မှုများပြားပြီး၊မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၄-၂၀၂၅ ခုနှစ်မိုးနေကြာစိုက်ပျိုးမှု ၄၁၇၄၉ ဧက၊ ရိတ်သိမ်းမှု၃၀၂၅၃ဧက၊အထွက်၂၃.၈၅တင်းနှုန်းနှင့်အထွက် ၇၂၁၄၃၉တင်းဖြစ်ကြောင်းသိရပါတယ်။ မြေပဲ၊နှမ်းနှင့်နေကြာဆီထွက်သီးနှံများအားစားသုံးဆီကြိတ်ခွဲ၍ ပြည်တွင်းစားဆီဖူလုံမှုရှိစေရန် နှင့် စားအုန်းဆီတင်သွင်းမှုလျော့ချနိုင်ရန် နိုင်ငံတော်မှချေးငွေထုတ်ပေးခြင်းဖြင့် ဆီစက်များတိုးချဲ့ ကြိတ်ခွဲနိုင်ရန် ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်မတ်လနောက်ဆုံးပတ်အတွင်း ဆီနေကြာ ၃တင်းဝင်(၂၇ ပိဿာပါ) တစ်အိတ်လျှင် ၁၆၀၀၀ဝိ/-၊တစ်ပိဿာလျှင်  ၅၉၂၆ ကျပ်၊နေကြာဖတ်တစ် ပိဿာလျှင် ၃၁၀ဝိ/-နှင့် ၃၃၀ဝိ/-တို့ ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါတယ်။ ယခင်နှစ်ကာလတူ ပေါက်စျေးမှာ ဆီနေကြာ၃တင်းတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်၊တစ်ပိဿာလျှင် ၃၇၀၄ကျပ်ဖြစ်ပြီး၊ ယခုနှစ်စျေးမှာတစ်ပိဿာလျှင်၂၂၂၂ကျပ်စျေးပိုရရှိကြောင်းသိရပါတယ်။ ဆီနေကြာသီးနှံဝင်ရောက်မှု အပေါ်မှုတည်၍ ရက်အလိုက်စျေးအနည်းငယ် ပြောင်းလဲမှုရှိပြီး၊ နေကြာစားဆီတစ်ပိဿာလျှင် ၁၄၀၀ဝိ/- နှင့်၁၄၅၀ဝိ/-စျေးဖြစ် ပေါ်လျက်ရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)