
မတ်လနောက်ဆုံးပတ်အတွင်း မန္တလေးစျေးကွက်သို့ စားတော်ပဲသီးနှံများ ဝင်ရောက်လျက်ရှိပြီး၊စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲတစ်မျိုးဖြစ်ကြောင်း သိရပါတယ်။စားတော်ပဲအား စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်စိုက်ပျိုးမှုများပြီး၊မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စားတော်ပဲအပါအဝင် ပဲမျိုးစုံ စိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧက ဖြစ်ကြောင်း သိရပါတယ်။
မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် မတ်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့်ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျင် စားတော်ပဲ(ကနေဒါ) ၃၄၀၀၀၀ကျပ်၊ စားတော်ပဲ(ကျွန်း) ၃၃၀၀၀၀ ကျပ်နှင့်၃၇၀၀၀၀ကျပ်၊ တစ်ပိဿာလျှင်စားတော်ပဲ(ကနေဒါ) ၅၇၃၈ ကျပ်၊ စားတော်ပဲ (ကျွန်း)၅၅၆၉ကျပ်နှင့် ၆၂၄၅ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။ ယခင်နှစ်ကာလတူပေါက်စေျးမှာ ၃တင်းဝင်တစ်အိတ်လျှင်စားတော်ပဲ(ကနေဒါ) ၂၄၀၀၀၀ကျပ်၊ စားတော်ပဲ(ကျွန်း)၂၅၀၀၀၀ကျပ်နှင့်၂၆၀၀၀၀ကျပ်၊တစ်ပိဿာလျှင် စားတော်ပဲ(ကနေဒါ)၄၀၅၁ကျပ်၊ စားတော်ပဲ(ကျွန်း)၄၂၁၉ ကျပ်နှင့် ၄၃၈၈ကျပ်ဖြစ်ပြီး၊ ယခုနှစ်နှင့်ယခင်နှစ် ကာလတူ ပေါက်စျေးနှိုင်းယှဉ်ချက်အရ တစ်ပိဿာလျှင် စားတော်ပဲ (ကနေဒါ) ၁၆၈၇ ကျပ်နှင့်စားတော်ပဲ (ကျွန်း) ၁၈၅၇ကျပ် တို့ဖြင့်စျေးပိုရရှိပြီး၊သီးနှံပေါက်စျေးမှာအချိန်နှင့်လိုက်၍ပြောင်းလဲမှု အနည်းငယ်ရှိ ကြောင်း သိရပါတယ်။
DOCA(မန္တလေး)