မန္တလေးပဲပုတ်စျေးကွက်

Powered by Drupal

       မတ်လနောက်ဆုံးပတ်အတွင်း  မန္တလေးစျေးကွက်သို့ ရှမ်းပြည်နယ်မှ ပဲပုပ်(ရှမ်း)သီးနှံများ ဝင်ရောက်လျက်ရှိပြီး၊ပဲပုပ်မှာပြည်တွင်းစားသုံးမှုများပြားခြင်းနှင့်ပြည်ပတင်ပို့သည့် ပဲတစ်မျိုး ဖြစ်ပါ တယ်။ မန္တလေးတိုင်းဒေသကြီးသည်ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့် တိုင်းတစ်ခုဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲပုပ်သီးနှံအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧက ဖြစ်ကြောင်းသိရပါတယ်။ မန္တလေးစျေးကွက်အတွင်းသို့ ရှမ်းပြည်နယ်မှထွက်သည့်ပဲပုတ်များ ဝင်ရောက်မှုများပြီး၊ မန္တလေး၊ စစ်ကိုင်း၊ဧရာဝတီ၊ပဲခူးတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့မှလည်းဝင်ရောက်ကြောင်းသိရပါ တယ်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်မတ်လနောက်ဆုံး ပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ် လျှင်ပဲပုပ်(ကာဘိုး)၃၂၅၀၀၀၊ ပဲပုတ်(ဗမာ)၃၇၅၀၀၀ကျပ်၊ပဲပုပ်(ရှမ်း) ၃၃၅၀၀၀ ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ပဲပုပ်(ကာဘိုး) ၆၁၀၃ကျပ်၊ ပဲပုပ်(ဗမာ) ၇၀၄၂ ကျပ်၊ ပဲပုပ်(ရှမ်း) ၆၂၉၁ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။ ယခင် နှစ် ကာလတူအချိန်တွင် ၃တင်းဝင်တစ်အိတ်လျင် ပဲပုတ်(ဗမာ)၁၅၈၀၀၀ ကျပ်နှင့်၁၆၀၀၀၀ ကျပ်၊ ပဲပုတ် (ရှမ်း) ၁၅၅၀၀၀ကျပ်နှင့် ၁၆၀၀၀၀ ကျပ်၊တစ်ပိဿာစျေးမှာ ပဲပုတ်(ဗမာ) ၂၉၆၇ကျပ် နှင့် ၂၈၄၄ကျပ်၊ ပဲပုတ်(ရှမ်း) ၂၉၁၁ ကျပ်နှင့်၂၈၄၄ ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်နှင့်ယခင်နှစ်ပေါက်စျေးနှိုင်းယှဉ်ပါက တစ်ပိဿာလျင် ၃၀၀၀ကျပ်နှင့်အထက်ပေါက်စျေးပိုမိုရရှိခဲ့ကြောင်း သိရှိရပါတယ်။ ပဲပုပ်ဝင်ရောက်မှု ပမာဏပေါ်မူတည်၍ရက်အလိုက်ပေါက်စျေးအနည်းငယ်ပြောင်းလဲမှုရှိပြီးစျေးကွက်အတွင်းအရောင်း သွက်လျက်ရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)