
ဧရာဝတီတိုင်းဒေသကြီး ၊ ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း၌ ရက်(၉၀) ဆန် (၂၄)ပြည်ဝင် အိတ်ရေ(၄၅၀၀၀) တင်ပို့နိုင်ခဲ့သော်လည်း ဖေဖော်ဝါရီလအတွင်း ရက်(၉၀) ဆန် (၂၄)ပြည်ဝင် အိတ်ရေ (၆၇၀၀၀) အထိ တင်ပို့နိုင်ခဲ့ကြောင်းကို ဆန်စပါးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များထံမှ သိရှိရပါတယ်။ လက်ရှိတွင် ရက်(၉၀)ဆန်များကို ရန်ကုန်မှ အမှာများနေသည့်အတွက် ကုန်ပစ္စည်းများ အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါတယ်။
DOCA(ဧရာဝတီ)