စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအား ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် လုပ်ငန်းရှင်များအား မိမိတို့ထုတ်လုပ်သော ကုန်စည်များ၏ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ပြည့်စုံမှန်ကန်မှုရှိစေရေး အစဉ်တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ တွန်းအားပေးဆောင်ရွက်မှုကြောင့် (၁၇.၆.၂၀၂၂)ရက်နေ့၊ နံနက် (၁၁:၀၀) အချိန်တွင် မုံရွာခရိုင်ဦးစီးမှူးရုံးသို့ ဘုတလင်မြို့၊ မြဝတီရပ်ကွပ်ရှိ “ဂျူပီတာ” ဂျင်း၊ လက်ဘက်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်မှ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ပြည့်စုံမှန်ကန်မှုရှိစေရေး လာရောက်မေးမြန်းခဲ့ပြီး ဌာနမှလည်း စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့်အခွင့်အရေး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြရန်နှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်နှင့် အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားလိုပါက မူပိုင်ခွင့်ဦးစီးဌာန (ရုံးချုပ်)သို့ လျှောက်ထားပေးမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းပြောကြားကာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)