
ဧရာဝတီတိုင်းဒေသကြီး ၊ ကျုံပျော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း၌ ငရုတ်သီးခြောက်ပိသာချိန် ၅၃၀၀၀ တင်ပို့နိုင်ခဲ့သော်လည်း ဖေဖော်ဝါရီလအတွင်း ငရုတ်သီးခြောက် ပိသာချိန် ၆၅၀၀၀ တင်ပို့နိုင်ခဲ့ကြောင်းကို စားသောက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များထံမှ သိရှိရပါတယ်။ ကျုံပျော်ဒေသမှ ထွက်သော ငရုတ်သီးများသည် အရည်အသွေးကောင်းမွန်သောကြောင့် ရန်ကုန်မှ ဝယ်လက်များသည် ကျုံပျော်ရှိ ငရုတ်သီးစိုက်ခင်းများထဲထိ သွားရောက်၍ ဝယ်ယူခြင်းများ ရှိနေပြီး ငရုတ်သီးခြောက် (၁၀)ပိဿာလျှင် ငွေကျပ်(၉၇၀၀၀) အထိ ပေါက်ဈေးရှိနေကြောင်း သိရှိရပါတယ်။
DOCA(ဧရာဝတီ)