တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့ရှိ သံပုရာသီးဈေးနှုန်း

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ဈေးကွက်အတွင်းသို့ ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအသီးသီးမှ သံပုရာသီးများ လာရောက်ရောင်းချသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

     ယခုအခါ ထားဝယ်မြို့ စည်ပင်ဈေး၊ကမ်းနားဈေးနှင့်ရပ်ကွက်ဈေးတို့၌ သံပုရာသီးအရွယ် အစားအပေါ်မူတည်၍ တစ်လုံးလျှင်(၅၀ဝိ/-)ကျပ် မှ သုံးလုံးလျှင်(၁၀၀ဝိ/-) ကျပ်အထိ ဈေးရရှိနေကြောင်း၊ သံပုရာသီးသည် ကျန်းမာရေးအတွက် ကောင်းမွန်ပြီး သံပုရာ ဖျော်ရည်၊ သံပုရာယိုနှင့် အခြားစားသောက်ဖွယ်ရာများတွင်လည်း ထည့်သွင်းစားသုံးရသည့် အသီးဖြစ်ပြီး စိုက်ပျိုးသည့် တောင်သူများအတွက်သာမက စားသုံးသူများအတွက်လည်း အကျိုးပြုသည့်အသီးပင်ဖြစ်ကြောင်း သိရသည်။ 

DOCA(တနင်္သာရီ)