
တနင်္သာရီတိုင်းဒေသကြီးသည်ပူနွေးစိုထိုင်းသောရာသီဥတုရှိပြီး မြေသြဇာ ကောင်းမွန်ခြင်းကြောင့် နာနတ်သီးစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။ ယနေ့မြန်မာက နာနတ်ဟုခေါ်ကြသည့် အပင်၏မူလအမည်မှာတောင်အမေရိကဒေသခံ Tupi Indian တို့၏ Nana ဟူသောဝေါဟာရမှ ဆင်းသက်လာသည့် Anna nas ပင်ဖြစ်သည်။ ရေဝပ်ခြင်းကိုကြောက်သောကြောင့် သဲ ဆန်ဆန်မြေများနှင့်မြေချဉ်ငန်ဓာတ် pH 5.0-6.5 ရှိလျှင် ကောင်းစွာဖြစ်ထွန်းနိုင်သည်။
နာနတ်သီးဟာ ဗီတာ မင်၊ သတ္တုဓာတ်နှင့် အင်ဇိုင်းများကြွယ်ဝခြင်းကြောင့် ကိုယ်ခံအား စနစ်ကောင်းမွန်ခြင်း၊ အရိုးကျန်းမာရေးနှင့်ဇီဝကမ္မဖြစ်စဉ်ကို အားပေးသည်။ အစာခြေစနစ်နှင့် ရောင်ရမ်းမှုကို လျှော့ချပေးသော အာဟာရဓာတ်ကြွယ်ဝသည့်အသီးဖြစ်သည်။ တနင်္သာရီ တိုင်းဒေသကြီး၊မြိတ်မြို့တွင်နာနတ်သီးကိုစီးပွားဖြစ်စိုက်ခင်းများဖြင့်နေရာအနှံ့စိုက်ပျိုးကြသလိုအခြားသီးပင်စားပင်များဖြင့်တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချကြသည်။
ယခု မတ်လ စတုတ္ထပတ်တွင် တနင်္သာရီတိုင်း၊မြိတ်မြို့ပေါ်ရှိ နာနတ်သီးဈေးနှုန်းမှာ လက်လီတစ်လုံးလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်၊ လက်ကားဆယ်ကီလိုလျှင် ၂၅၀၀၀ ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းသူထံမှ သိရှိရပါသည်။ အရောင်းသွက်သည့် ကုန်စိမ်းတစ်မျိုးဖြစ်ပြီး ဒေသတွင်စိုက်ပျိုးထွက်ရှိသော နာနတ်သီးများနှင့် တနင်္သာရီမြို့၊ ထားဝယ်မြို့တို့မှ မြိတ်မြို့သို့ အများဆုံးတင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)