ကန့်ဘလူခရိုင် ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော ကြက်သားဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    ယခုအခါ ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်သားများကို ကန့်ဘလူမြို့ရှိ လက်လီ/လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ၊ မတ်လစတုတ္ထပတ်အတွင်း ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင်ရောင်းချနေသော ကြက်သားဈေးနှုန်းများမှာ ဒေသကြက်(၁)ပိဿာလျှင် ၃၀၀၀၀ကျပ်၊ မွေးမြူရေးကြက်(၁) ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)