ကန့်ဘလူမြို့မဈေးတွင် ဈေးကောင်းနေသော ‌ဘူးသီး ဈေးနှုန်း

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးသည် ကန့်ဘလူမြို့ပေါ်ရပ်ကွက်များ၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ဒေသအသီးသီးတို့မှ လာရောက်ရောင်းချကြသည့်အတွက် စည်ကားလျက်ရှိပါသည်။ ထိုသို့ရောင်းချကြသည့်အထဲတွင်  ဘူးသီးများ စိုက်ပျိုးကာ လာရောက်ပို့ဆောင်ရောင်းချသော ဒေသထွက်ဘူးသီးများ ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။

    ယခု ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမအပတ် ကန့်ဘလူမြို့မဈေးတွင် ဖြစ်ပေါ်နေသော ဘူးသီးဈေးနှုန်းအနေဖြင့် ဘူးသီးအလုံး(အကြီး)တစ်လုံးလျှင်(၃၅၀၀)ကျပ်၊ ဘူးသီး(အလတ်)တစ်လုံးလျှင် (၃၀၀၀) ကျပ်၊ ဘူးသီး(အသေး)တစ်လုံးလျှင်(၁၅၀၀)ကျပ်နှင့် ဘူးသီး တစ်စိတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံမျိုးစုံ အရောင်းအဝယ်လုပ်နေသူများထံမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)