
ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ခရမ်းချဉ်သီးများကို ရောင်းချလျက်ရှိရာ ခရမ်းချဉ်သီးများကို မန္တလေးမြို့နှင့် ရေဦးမြို့များမှ သယ်ယူရောင်းချကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ခြင်းကြောင့် သယ်ယူပို့ဆောင်ရေးမှာအခက်အခဲဖြစ်၍ ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဧပြီလ(ပထမ)ပတ်တွင် ဖြစ်ပေါ်နေသော ခရမ်းချဉ်သီး ဈေးနှုန်းမှာ အရွယ်အစား ပေါ်မူတည်၍ (၁)ပိဿာလျှင် (၁၀၀ဝိ/-)ကျပ်မှ (၁၅၀ဝိ/-) ကျပ်ထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)