ရွှေဘိုမြို့ရှိ ဈေးများတွင် ကြက်သွန်နီ(အသစ်)များ လှိုင်လှိုင်ဝင်ရောက်လျက်ရှိ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ရှိ ဈေးများတွင် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (ဒုတိယ)အပတ်မှ စတင်၍ ကြက်သွန်နီ (အသစ်)များ စတင်ဝင်ရောက်လျက်ရှိပါသည်။ ကြက်သွန်နီ(အသစ်)များမှာ ဝက်လက်မြို့နယ်ရှိ သမံသာရွာ၊ မင်းကျီရွာနှင့် ကျောက်တိုင်ရွာများမှ လာရောက် ရောင်းချကြသည့်အပြင် ရေဦးမြို့နယ်များမှလည်း လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။ ကြက်သွန်နီအမျိုးအစားများမှာ ရွှေဖလားမျိုးနှင့် မြစ်သားမျိုးဟူ၍ (၂)မျိုးရှိကြောင်း၊ ကြက်သွန်နီ (အသစ်)များလှိုင်လှိုင်ပေါ်၍ ဈေးနှုန်းများကျဆင်းနေသည့်အပြင် ယခုအချိန်တွင် ကြက်သွန်နီ (အသစ်)များမှာ ရေကုန်ပြီးခြောက်သွေ့၍ လှောင်ထားနိုင်သည့်အနေအထားရှိသည့်အတွက် စားသုံးသူများနှင့် တစ်ဆင့်ပြန်လည်ရောင်းချသူများမှ လှောင်ထားရန်အတွက်သော်လည်းကောင်း၊ အခါကြီးရက်ကြီးဖြစ်သည့် သင်္ကြန်တွင် ဘုန်းကြီးကျောင်းလှူရန်အတွက်သော်လည်းကောင်း၊ မိဘ ဆွေမျိုးများ ကန်တော့ရန်အတွက် ကြိုတင်၍ စုထားကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဧပြီလ (ပထမပတ်) တွင် ရောင်းချသည့် ကြက်သွန်နီ (အသစ်) ဈေးနှုန်းများမှာ အရွယ်အစားပေါ်မူတည်၍ (၁)ပိဿာလျှင် (၁၅၀ဝိ/-)ကျပ်မှ (၂၅၀ဝိ/-)ကျပ်ထိ ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ရောင်းချသည့်လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။  

DOCA(စစ်ကိုင်း)