
သပြေငုတ်သည် အပွင့်မျိုးမဟုတ်၊ ရိုးတံအသစ်များမှ အရွက်နုကလေးများသည် ပန်းရောင်၊ အနီရောင်အဆင်းရှိပြီး လူကြိုက်များ၍ မြန်မာလူမျိုးတို့သည် သပြေငုတ်ကို အခြားသောပန်းများထက် ပိုမိုကြိုက်နှစ်သက်ကြသည်။ သပြေငုန်ပင်များကို ခြံဖွဲ့၍စိုက်ပျိုးကြပြီး ရောင်းချလျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရသည်။
အဆိုပါသပြေငုတ်ကြီး(၁)ငုတ်လျှင် (၆၀၀၀)ကျပ်နှင့် သပြေငုတ်သေး(၁)ငုတ်လျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း လူကြိုက်များသော ပန်းဖြစ်သည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)