ကျိုက်လတ်မြို့ အသင့်စား ငါးရံ့ခြောက်ဖုတ် လုပ်ငန်း MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

    ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-မြို့နယ်တာဝန်ခံ ဦးတင်စိန်၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးမင်းမင်းဦး တို့သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကျိုက်လတ်မြို့ပေါ်ရှိ “ချယ်ရီ” အသင့်စား ငါးရံ့ခြောက်ဖုတ် လုပ်ငန်းသို့ သွားရောက်ပြီး အသေးစား MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်း မေးမြန်းခဲ့ပါသည်။

     လုပ်ငန်းရှင်မှ ကျိုက်လတ်မြို့ပေါ်တွင် အသင့်စား ငါးရံ့ခြောက်ဖုတ် လုပ်ငန်းလုပ်ကိုင်နေသူ ၁၀ ဦးရှိ၍ မိုးတွင်းအတွက်ပါ ကုန်ကြမ်းပစ္စည်းများ သိုလှောင်ထားရှိပြီး နှစ်ပတ်လည် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း ၊ ငါးရံ့အစို တစ်ပိဿာလျှင် (၁၂၀၀၀) ၊ (၁၄၀၀၀) ကျပ်ဈေးဖြင့် ဝယ်ယူရပြီး ငါးခွဲလုပ်သားခ၊ နေလှန်းခ၊ မီးဖုတ်ထုသည့် လုပ်အားခ၊ မီးသွေးဖိုး၊ ပဲဆီအပါအဝင် စုစုပေါင်း ကုန်ကျစရိတ်များ နှုတ်လျှင် တစ်ပိဿာကို ကျပ်ထောင်ဂဏန်း ဝန်းကျင် အကျိုးအမြတ်ရရှိကြောင်း၊ ငါးရံ့ခြောက် တစ်ဆယ်ကျပ်သား တစ်ဘူးလျှင် ၂၆၀၀၀ ကျပ်၊ ငါးကျပ်သား တစ်ဘူးလျှင် ၁၄၀၀၀ ကျပ်၊ နှစ်ကျပ်ခွဲသား တစ်ဘူးလျှင် ၇၀၀၀ ကျပ် ဖြင့် ဈေးကွက်တွင် ရောင်းချလျက်ရှိပြီး ကျိုက်လတ်မြို့နယ် ထွက်ကုန်ငါးရံ့ခြောက်များကို ဒေသတွင်းစားသုံးမှုရှိသည့်အပြင် ရန်ကုန်မြို့သို့ ကားနှင့် တင်ပို့ရောင်းချမှုရှိပြီး မြန်မာနိုင်ငံ အနှံ့အပြား အမြန်ချောပို့ဖြင့် ရောင်းချပေးလျက်ရှိသလို ပြည်တွင်းစားသုံးရန်သာမက ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူများနှင့် အလည်အပတ်သွားရောက် သူများမှာလည်း အသင့်စားငါးရံ့ခြောက်များကို အများဆုံးမှာယူဝယ်ယူလျက်ရှိပြီး ပြည်တွင်းပြည်ပ ဈေးကွက်ဝေစု ရရှိနိုင်သော MSMEs ထုတ်ကုန်အဖြစ် အလားလာကောင်းများ ရှိနေကြောင်း ဈေးကွက်မှ သိရသည်။

DOCA(ဧရာဝတီ)