ထားဝယ်မြို့ရှိ ရေငန်းသီးစျေးနှုန်းအခြေအနေ

Powered by Drupal

    ထားဝယ်မြို့နယ်ရှိ ဥယျာဥ်ခြံများတွင် ရာသီစာသီးနှံတစ်မျိုးဖြစ်သည့် ရေငန်းသီးများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။ ရေငန်းသီးများကို ထားဝယ်မြို့နယ်ရှိ စည်ပင် သာယာစျေး နှင့် ညောင်ပင်ကြီးစျေး သီးနှံစျေးဆိုင်တန်းများ၌ စျေးကွက်တစ်ခုအနေဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ယခုလက်ရှိ ဧပြီလအတွင်း ရေငန်းသီးအလုံးရေ (၃၀-၃၅)လုံးပါဝင်သည့် အခိုင်တစ်ခိုင် လျင် ငွေကျပ် (၆၀၀၀)ထိ စျေးနှုန်းရရှိပြီး အဆိုပါရေငန်းသီးများမှာ ခရီးသွားအများစုဝယ်ယူအား ပေးသည့် ဒေသထွက်ကုန်သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)