
ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်သို့ ၁.၄.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၂၄၈၀ အိတ်ဝင်ရောက်လာပြီး ဈေးနှုန်းမှာ ၆၇၀၀၀ မှ ၆၉၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၁၄၀ နှင့် ဈေးနှုန်းမှာ ၆၆၀၀၀ မှ ၆၇၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၇၅၄ နှင့် ဈေးနှုန်းမှာ ၆၅၀၀၀ မှ ၆၆၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၂၂ နှင့် ဈေးနှုန်းများမှာ ၆၃၀၀၀ မှ ၆၄၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၃၅၄၂ နှင့် ဈေးနှုန်းများမှာ ၄၈၅၀၀ မှ ၅၂၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိခဲ့ရပြီး ပဲခူး(အနောက်) မှ ရှယ်စ ၂၅၆၃ အိတ်၊ ဆန်ကြမ်းထိပ်စအိတ် ၂၀၂၂ ၊လတ်စအိတ်ရေ ၁၄၈၉၊ ၂၅မတ်ဆန်အိတ် ၈၄၁ ဆန်ကွဲအိတ်ရေ ၃၇၂၀၊ ဧရာဝတီတိုင်းမှ ရှယ်စ ၂၅၇၇ အိတ်၊ ဆန်ကြမ်းထိပ်စ ၁၉၈၀ အိတ်၊ လတ်စ ၁၅၂၀ အိတ်၊ ၂၅ မတ်ဆန်အိတ်ရေ ၆၂၀ နှင့် ဆန်ကွဲအိတ်ရေ ၃၆၉၄ တို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
၁.၄.၂၀၂၅ ရက်နေ့တွင် ပဲခူးအရှေ့မှ ဝင်ရောက်လျက်ရှိသော ဆန်အဝင်များအနက် ရှယ်စအိတ် ဝင်ရောက်မှုမှာ အနည်းငယ်လျော့နည်းပြီး ကျန်အမျိုးအစားများမှာ ၃၁.၃.၂၀၂၅ ရက်နေ့ထက် အနည်းငယ်ပိုမိုဝင်ရောက်ကြောင်း သိရှိခဲ့ရပြီး ပဲခူးအနောက်မှ ဝင်ရောက်လာသော ဆန်အမျိုးအစားများမှာလည်း အနည်းငယ်လျော့နည်း၍ ဝင်ရောက်ကြောင်း၊ ဧရာဝတီတိုင်းမှ ဝင်ရောက်သော ဆန်အမျိုးအစားများမှ ယခင်နေ့ထက်လျော့နည်း၍ ဝင်ရောက်ကြောင်းသိရှိရပြီး ဈေးနှုန်းများမှာလည်း တည်ငြိမ်နေကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)