စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံ ဦးကျော်သည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် သုံးပင်ကွင်းရပ်ကွက်၊ တက္ကသိုလ်လမ်း၊ အ-ထ-က(၄)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ (၃၀၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်မှ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် အခန်း း(၂၅)ခန်း၊ ပုဒ် မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေများကို စီးပွားရေးနှင့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၂၂)ဖြင့် ပြဌာန်းပြီးဖြစ်ကြောင်းတို့ကို ဟောပြောခဲ့ပြီး၊ ဥပဒေတွင် အခန်း း(၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များနှင့် ပုဒ်မ (၁၉)တွင်ပါရှိသော အချက် (၈)ချက်များအကြောင်း၊ အခန်း (၁၃)ပါ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် စားသုံးသူအသိအညာပေး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)