ပစ္စည်းလက်ကျန်များနေသည့် ပြည်ကြက်သွန်နီဈေးကွက်

Powered by Drupal

     ယခုမတ်လ နောက်ဆုံးပတ်တွင် ပြည်ဈေးကွက်သို့ မကွေးတိုင်းတွင်းရှိ တောင်တွင်း၊ ပခုက္ကူ၊ အောင်လံနယ်များမှ ကြက်သွန်နီများ နေ့စဉ်ပိဿာချိန် (၂၅၀၀၀)ခန့် အဝင်ရှိနေသည့်အတွက် ယခင်ဖေဖော်ဝါရီလတွင် ပိဿာချိန် (၁၅၀၀၀)အဝင်ရှိခဲ့သဖြင့် နေ့စဉ်ပိဿာချိန် (၁၀၀၀၀)ခန့် ပိုမိုအဝင်ရှိနေကြောင်း သိရသည်။ အဝင်များသည့်အတွက် ဈေးနှုန်းမှာ ယခင်လနှင့်နှိုင်းယှဉ်လျှင် ကျဆင်းလျက်ရှိပေမဲ့ အရောင်းအဝယ်မှာ ပုံမှန်ရောင်းဝယ်မှုများဖြစ်သော ဒေသတွင်းဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများ၊ မင်းလှမြို့နယ်၊ သာယာဝတီခရိုင်၊ ရန်ကုန်တိုင်းတို့အပါအဝင် ပန်းတောင်း (ဥသျှစ်ပင်)ဘက်တို့သို့ နယ်ကျော်စီးဆင်းမှုများအဖြစ် ပုံမှန်ရောင်းဝယ်မှုသာရှိသဖြင့် ပြည်ဈေးကွက်အတွင်း အဝင်များထားသည့်အတွက် ပစ္စည်းလက်ကျန်များလျက်ရှိနေသည်။ ဈေးနှုန်းမှာ ပွဲရုံလက္ကားဈေးတစ်ပိဿာလျှင် ကြီး/လတ်/သေး (၂၆၀၀/၂၄၀၀-၂၂၀၀/၂၀၀၀)ကျပ်နှုန်း တို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေသဖြင့် ယခင်ဖေဖော်ဝါရီလအောက် (၃၀၀-၄၀၀)ကျပ်နှုန်းခန့် ကျဆင်းသွားကြောင်း သိရပါသည်။

DOCA(ပဲခူး)