
ပေါင်းတည်မြို့ရှိ ရွေတည်ဈေးနှင့် မြို့မဈေးတွင် ယခု ဧပြီလ ပထမအပတ်အတွင်း ရောင်းချနေသော သား၊ ငါးဈေးနှုန်းနှင့် အခြေခံကုန်းဈေးနှုန်းများမှာ CPကြက် တစ်ပိဿာ (၂၃၀၀၀)ကျပ်၊ ဗမာ ကြက်တစ်ပိဿာ (၂၆၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာ (၂၃၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာ (၃၀၀၀၀)ကျပ်၊ ပုဇွန်ထုတ်ကြီး တစ်ပိဿာ (၆၀၀၀၀)ကျပ်၊ ငါးခူတစ်ပိဿာ (၂၃၀၀၀)ကျပ်၊ အခြေခံစားကုန်များဖြစ်သော ကြက်သွန်နီ ထိပ်စ တစ်ပိဿာ (၃၀၀၀)ကျပ်၊ အသေးတစ်ပိဿာ (၂၅၀၀)ကျပ်၊ ကြက်သွန်ဖြူ ကြူကုတ် တစ်ပိဿာ (၂၅၀၀၀)ကျပ်၊ ကြက်သွန်ဖြူဥ တစ်လုံး တစ်ပိဿာ (၃၅၀၀၀)ကျပ်၊ အာလူးအကြီး တစ်ပိဿာ (၈၀၀၀)ကျပ်၊ အာလူးအသေး တစ်ပိဿာ (၅၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း စုံစမ်းသိရပါသည်။
DOCA(ပဲခူး)