ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော နှမ်းဈေးနှုန်း

Powered by Drupal

   ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကိုလည်း စိုက်ပျိုးကြကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော နှမ်းသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ကြောင်း သိရသည်။

    ယခုအခါ နှမ်းဈေးနှုန်းများမှာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမပတ်အတွင်း နှမ်းနက်(စမုံ) တစ်တင်းလျှင်(၂၃၀၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၀၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဧပြီလ ဒုတိယပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင် (၂၁၀၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ် တင်းလျှင် (၁၀၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ယခုပတ်အတွင်း နှမ်းနက်(၁) တင်းလျှင်(၂၀၀၀၀)ကျပ်ကျဆင်း၍ နှမ်းဖြူတစ်တင်းလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းများမြင့်တက်လာကြောင်း ဒေသတွင်းသီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)