ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်မှ ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများ ကောက်ယူအခြေအနေ

Powered by Drupal

      ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်သို့ ၂.၄.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၂၂၁၀အိတ်ဝင်ရောက်လာပြီး ဈေးနှုန်းမှာ ၆၇၀၀၀ မှ ၆၉၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၀၇၇ နှင့် ဈေးနှုန်းမှာ ၆၆၀၀၀ မှ ၆၇၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၃၂၀နှင့် ဈေးနှုန်းမှာ ၆၅၀၀၀ မှ ၆၆၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၇၅၀ နှင့် ဈေးနှုန်းများမှာ ၆၃၀၀၀ မှ ၆၄၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၃၁၅၂ နှင့် ဈေးနှုန်းများမှာ ၄၈၅၀၀ မှ ၅၂၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိခဲ့ရပြီး ပဲခူး(အနောက်) မှ ရှယ်စ ၂၃၇၄အိတ်၊ ဆန်ကြမ်းထိပ်စအိတ် ၂၂၉၃ ၊လတ်စအိတ်ရေ ၁၅၈၀၊ ၂၅မတ်ဆန်အိတ် ၈၂၀၊ ဆန်ကွဲအိတ်ရေ ၃၅၂၀၊ ဧရာဝတီတိုင်းမှ ရှယ်စ ၂၆၈၁ အိတ်၊ ဆန်ကြမ်းထိပ်စ ၂၀၁၀ အိတ်၊ လတ်စ ၁၁၇၄ အိတ်၊ ၂၅ မတ်ဆန်အိတ်ရေ ၆၉၀ နှင့် ဆန်ကွဲအိတ်ရေ ၃၃၈၂ တို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          (၁.၄.၂၀၂၅) ရက်နေ့နှင့် နှိုင်းယှဉ်လျှင် (၂.၄.၂၀၂၅) ရက်နေ့၏ ဆန်အဝင်မှာ ဆန်အိတ်အရေအတွက် ဝင်ရောက်မှုအနည်းငယ်နည်းပြီးဆန်ဈေးနှုန်းမှာ ပြောင်းလဲမှု မရှိကြောင်းနှင့် ဆန်သစ်များဝင်ရောက်လာပါသဖြင့် ဆန်ဈေးအနည်းငယ်အေးကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)