ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင်းနောင်ကုန်စည်ဒိုင် ပဲ၊နှမ်းအသင်းမှ ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်းမှာ မြေပဲ(၁)ပိဿာလျှင် မြေပဲလုံးဆံ ကျပ် ၉၀၀၀ခန့်၊ မြေပဲဆီဆံကျပ် ၈၀၀၀ခန့်ရှိပါသည်။ နှမ်းဖြူမန္တလေးဈေးမှာ (၄၅)ပိဿာ(၁)အိတ်လျှင် ၃၅၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး)ဈေးနှုန်းမှာ (၄၅)ပိဿာ(၁)အိတ်လျှင် ၆၄၀၀၀၀ကျပ် ခန့်ရှိ ပါသည်။ ပဲပုပ်မှာ ၂၀၂၄ ခုနှစ်အတွက် တန်ချိန် ၁၉၂၀၀ ဝန်းကျင်ရှိမည်ဟု ခန့်မှန်းကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)