ဆိပ်ဖြူကုန်စည်ဒိုင်ဈေးကွက်တွင် ကြက်သွန်နီအဝင်နည်းပြီး ဈေးအေး၍အရောင်းအဝယ်ဖြစ်

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကုန်စည်ဒိုင်တွင် ၂၀၂၅ခုနှစ်၊ ဧပြီလ(ပထမပတ်) တွင် ကြက်သွန်နီဈေးအေး၍ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်သို့ နွေကြက်သွန်နီများ တစ်ရက်လျှင် ကုန်ချိန်(၂)သောင်းမှ (၃)သောင်းအထိ ဝင်ရောက်ကြောင်း၊ ဒေသတွင်းကြက်သွန်နီ အများဆုံးစိုက်ပျိုးသော ကဇွဲ၊ ရေပုတ်၊ လိပ်ခြံ၊ ဂွေးပင်၊ ထန်းပင်ချောင်း ကျေးရွာများမှ  အများဆုံး ဝင်ရောက်မှုရှိပြီး ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှလည်း ဝင်ရောက်၍ တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ(၁)သိန်းခွဲခန့် ဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်မှ သိရသည်။

         ကြက်သွန်နီဈေးကွက်အနေဖြင့် ဧပြီလ(ပထမပတ်)တွင် ဈေးအေး၍ အရောင်းအဝယ်ဖြစ် လျက်ရှိသည်။ နွေကြက်သွန်နီ(ပင်စိုက်)(ဂျွန်)တစ်ပိဿာလျှင် အမြင့်ဈေး (ထိပ်စရှယ်) ကျပ် (၁၄၅၀)၊ အလတ်စ ကျပ်(၁၄၀၀)၊ အသေးစ ကျပ်(၁၃၀၀) ဈေးအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခင်မတ်လ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ် ကြောင်း ဈေးကွက်မှ သိရှိရသည်။

       ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ဧပြီလ(ပထမပတ်)တွင် ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ မော်တော်ယာဉ်များဖြင့် ကုန်ချိန်အများဆုံး တင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီဝယ်လက် များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ကြက်သွန်နီ ကုန်ချိန်ပိဿာ (၁)သိန်း ခွဲခန့်၊ တန်ချိန်အားဖြင့် တန်(၂၄၅)ခန့်ဖြင့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)