ပခုက္ကူ သကြားဖရဲသီးဈေးကွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ သစ်သီးမျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရာသီပေါ် ဖရဲသီးများလည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒေသထွက် သီးနှံအပြင် မန္တလေး နှင့်ပြင်ဦးလွင်မြို့များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဖရဲသီး သည် အရည်ရွှန်း၍ ချိုပြီး အေးမြသောသီးနှံဖြစ်၍ ဝယ်ယူစားသုံးမှုများကြောင်း၊ အသီးကို စိပ်၍သော် လည်းကောင်း၊ ဖျော်ရည်လုပ်၍သော်လည်းကောင်း စားသုံးမှုများကြောင်း သိရှိရသည်။

            ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဧပြီလ(ပထမပတ်)တွင် သကြားဖရဲသီးတစ်လုံးလျှင် အလုံး ကြီး ကျပ်(၆၀၀၀)၊ အလုံးလတ် ကျပ်(၅၀၀၀)၊ အလုံးသေး ကျပ်(၃၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်မတ်လ(စတုတ္ထပတ်)နှင့် နှိုင်းယှဉ်ပါက ဈေးငြိမ်၍ အရောင်းအဝယ် ဖြစ်ကြောင်း၊ ပူပြင်းသော နွေဦးရာသီရောက်ရှိချိန်ဖြစ်၍ အရည်ရွှန်းပြီး ချိုလေးသောအရသာရှိသည့် သကြားဖရဲသီးကို ဝယ်ယူစားသုံးမှုများ၍ အရောင်းအဝယ်သွက်ကြောင်း မြို့ပေါ်ရှိ သစ်သီးအရောင်း ဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)