
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ မိုးမလင်းဈေးတွင် နေ့စဉ် လာရောက် ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားသိုက်မြိုက်လျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ အခြား ဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် သရက် သီးစိမ်းများကို ဒေသထွက်ဖြစ်သည့် ကန့်ဘလူမြို့ပေါ်ရပ်ကွက်အသီးသီး နှင့် ကန့်ဘလူမြို့နယ် အတွင်းရှိ ကျေးရွာအချို့တို့မှ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။
ရှေးအဆိုရှိသည့်အတိုင်း အသားမှာဝက်၊ အရွက်မှာလဖက်၊ အသီးမှာသရက်ဆိုသည့်အတိုင်း စိန်တစ်လုံးသရက်သီးမှည့်သည် အခြားသရက်သီးမှည့်များနှင့် မတူသော အသားနုညံ့သော အမျှင် ကင်းသော၊ အနံ့အရသာမှာ ချိုမွှေးသော၊ အသီးလုံးအပြင်ဘက်တွင် အဝါရောင်ဝင်းဝါတောက် ပသော ၊ အထားခံသော အခြားသရက်သီးနှင့်မတူညီသော ဂုဏ်သတ္တိများရှိသည့်သရက်သီးဖြစ်ပြီး စိန်တစ်လုံးသရက်သည် နေရာတိုင်းတွင်စိုက်မရဘဲ သဘာဝအပူပိုင်းဒေသတွင်သာ စိုက်ပျိုးကြ ပါသည်။ စိန်တစ်လုံးသရက်သည် ယခုလို မေလဆန်းပိုင်းတွင် ဈေးကွက်အတွင်းသို့ရောက်ရှိပြီး လူကြိုက်များကာ ဈေးကောင်းရရှိပြီး အရောင်းသွက်လျက်ရှိကြောင်း သိရပါ သည်။
၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ကန့်ဘလူမြို့၊ မိုးမလင်းဈေးတွင် ရောင်းချနေသည့် စိန်တစ်လုံးသရက်သီးမှည့်ဈေးနှုန်းများမှာ သရက်သီး အကြီး တစ်လုံးလျှင် (၅၀၀)ကျပ်၊ သရက်သီး အသေး တစ်လုံးလျှင်(၃၅၀)ကျပ်၊ (၁၀၀၀)ဖိုး (၃)လုံးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း စိန်တစ်လုံး သရက်သီးမှည့် ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)