ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော  တီလားဗီးယား ငါးဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေး အခက်ခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

    တီလားဗီးယားငါးကို ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ သိန်ရင်ဆည်၊ လင်ဗန်းဆည် နှင့် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို   ဝယ်ယူရောင်းချ ကာ  ဈေးကောင်း ရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

      ယခု ၂၀၂၅ ခုနှစ်၊ မေလ ပထမအပတ်တွင် ကန့်ဘလူမြို့၏ တီလားဗီးယားငါး ဈေးနှုန်းများ အနေဖြင့် တီလားဗီးယားငါး(အကြီး) တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ တီလားဗီးယားငါး(အလတ်) တစ်ပိဿာလျှင်(၁၀၀၀)ကျပ်နှင့် တီလားဗီးယားငါး(အသေး)တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ဈေးနှုန်း အသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ်လုပ်ကိုင်သူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)